
လူအားလုံးအတွက်
နှုတ်ကပတ်တော်
ဘုရားသခင်၏နှုတ်ကပတ်တော်။ ရက်ပေါင်း (၃၀)။ မိတ်ဆွေပါဝင်ဦးမလား။
နိုဝင်ဘာလသည် ကမ္ဘာလုံးဆိုင်ရာသမ္မာကျမ်းစာလဖြစ်သည်
ဘုရားသခင်၏နှုတ်ကပတ်တော်သည် ဤလောက၏သမိုင်းကို လုံးဝပြောင်းလဲခဲ့သည်။ ဤနှုတ်ကပတ်တော်သည် မိတ်ဆွေကိုလည်း လုံးဝပြောင်းလဲပေးနိုင်သည်။
လူများသည် သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာသောအခါ သူတို့၏ဘဝများကို လုံးဝပြောင်းလဲစေပြီး၊ ပြောင်းလဲသူများသည် ဤကမ္ဘာကြီးကိုပင် ပြောင်းလဲစေသည်။
ဤနိုဝင်ဘာလတွင် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်ရှုလေ့လာပြီး မည်သို့ဖြစ်လာမည်ကို စောင့်ကြည့်ပါ။ နှုတ်ကပတ်တော်ကို ပုံမှန်လေ့လာဖတ်ရှုခြင်းသည် အရာအားလုံးကို ပြောင်းလဲစေကြောင်း လေ့လာတွေ့ရှိချက်များက ဖော်ပြသည်။ ရက်ပေါင်း (၃၀) ကျမ်းစာဖတ်ရှုခြင်းစိန်ခေါ်မှုဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်၌ ရက်ပေါင်း (၃၀) ဆက်တိုက် ကျက်စားရန် လူပုဂ္ဂိုလ်များ၊ ဓမ္မအမှုဆောင်လုပ်ငန်းများ၊ ကမ္ဘာလုံးဆိုင်ရာအမှတ်တံဆိပ်များနှင့် ကျမ်းစာအက်ပ်များ ပူးပေါင်းနေသည့် ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုကြီးတွင် ပါဝင်လိုက်ပါ။

မိတ်ဆွေပါဝင်ဦးမလား။
(၃၀) ရက်ဆက်တိုက် သမ္မာကျမ်းစာစိန်ခေါ်မှုဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ရက်ပေါင်း (၃၀) လုံးလုံး ဖတ်ရှုလေ့လာပါ။
ဤလှုပ်ရှားမှုတွင် ပါဝင်လိုက်ပါ- သမ္မာကျမ်းစာကို ဂုဏ်ပြုပါ
- ဘုရားသခင်၏နှုတ်ကပတ်တော်တွင် ရက်ပေါင်း (၃၀) ကုန်ဆုံးပါ
- ကမ္ဘာလုံးဆိုင်ရာ သမ္မာကျမ်းစာ လှုပ်ရှားမှုတွင် ပါဝင်ပါ
- အားပေးသည့် အီးမေးလ်များ လက်ခံရယူပါ
အသင်းတော်တစ်ပါးဖြစ်ပါသလား။
နိုဝင်ဘာလအတွင်း ဘုရားသခင်၏နှုတ်ကပတ်တော်၏ သက်ရောက်မှုအကြောင်း အားပေးစကား (သို့) အစီအစဉ်တစ်ခုကို ဝေငှပါ။ ထို့ပြင် ရက်ပေါင်း (၃၀) စိန်ခေါ်မှုဖြင့် ရက်ပေါင်း (၃၀) ဆက်တိုက် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်ရှုလေ့လာရန် မိမိ၏အသင်းတော်ကို တိုက်တွန်းခွန်အားပေးပါ။
ကျွန်ုပ်၏အသင်းတော်ကိုမှတ်ပုံတင်ရန်အမှုတော်ဆောင်အဖွဲ့အစည်းတစ်ခုဖြစ်ပါသလား။
ရက်ပေါင်း (၃၀) စိန်ခေါ်မှုဖြင့် ရက်ပေါင်း (၃၀) ဆက်တိုက် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်ရှုလေ့လာရန် မိမိ၏အသိုင်းအဝိုင်းကို တိုက်တွန်းခွန်အားပေးပါ။
ကျွန်ုပ်၏အမှုတော်ဆောင်အဖွဲ့ကိုမှတ်ပုံတင်ရန်